Wednesday, August 15, 2012

Photos of လွပ်လပ်ခြင်း(၂)

Photos of လွပ်လပ်ခြင်း(၂)
 
 
"အနမ်းခြံ"

ရန်ကုန်မြို့တွင် "အနမ်းခြံ" ပေါင်း ၅၀ ကျော်ရှိ
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပွေ့ဖက် နမ်းရှုတ်သူများ အပန်းဖြေသည့် "အနမ်းခြံ" ပေါင်း ၅၆ ခုရှိပြီး၊ အများပြည်သူ မိသားစုလိုက် အပန်းဖြေ နားနေနိုင်သော "ပန်းခြံ" ဟူ၍ ရှာမတွေ့ နိုင်တော့လောက်အောင် ရှားပါးကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။
(Photo: Yangon Photo Festival/ Flickr)

ရန်ကုန်မြို့၏ စည်ကားပြီး အချက်အချာကျသော နေရာများတွင် ပန်းခြံများ၊ အပန်းဖြေ ကစားကွင်းများ ဟူ၍ အမည်ပေး ဖွင့်လှစ်ထားသော်လည်း အများပြည်သူ မိသားစု အမှန်တကယ် အပန်းဖြေ နားနေနိုင်သည့် ပန်းခြံဟူ၍ အလွန်ရှားပါးနေပြီး သမီးရည်းစား စုံတွဲများ အတွက်သာ အဆင်ပြေသည့် "အနမ်းခြံ" များသာ ရှိနေသည်ဟု သိရသည်။

"မြကျွန်းသာ ဖွင့်ခါစကတော့ ကလေးတွေကို လိုက်ပို့ရင်း မိသားစုလိုက်အပန်းဖြေ လာလို့ရတဲ့ နေရာတစ်နေရာမို့ အသွားများတဲ့ နေရာတခုပါပဲ။ နောက်ပိုင်း ပြုပြင်မှုတွေ မရှိဘဲ စုံတွဲတွေပဲ အလာများပြီး အနမ်းခြံ ဖြစ်သွားတော့ မိသားစု အပန်းဖြေသွားလာဖို့ မသင့်တော်တော့ဘူး။ ရှုခင်းသာပန်းခြံလည်း ဒီအတိုင်းပါပဲ။ ကန်တော်ကြီးကိုတောင် နေရာအနှံ့သွားလို့ အဆင်မပြေဘူး၊ အင်းလျားကန် ဆိုတာလည်း အနမ်းပေးနေတဲ့ စုံတွဲတွေ ထိုင်ဖို့ အတွက်ပဲ ထင်ပါတယ်" ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောပြခဲ့သည်။

  • Tu San, Hlaing Bwa, Fly Bird and 4 others like this.
    • Wailinn Kira ဂွိဘိပျောက်အောင်မလုပ်နဲ့ နော်
    • Ahmad Zaw အယ် တူညားတွေ ကြူနေတာ ကြည့်စမ်း..... သရက်စိတွေ..
    • Sai Yan Naing Oo ပန်းခြံထဲ တကူးတကသွား ခြုံရှာပြိး နမ်းကြတာကိုပဲ ကျေးဇူးတင်ကြပါဦး။ သူများတွေ လှမ်းပေါ်၊ ရထားပေါ်၊ ကားပေါ် ဒီတိုင်းဖက်နေနမ်းနေကြတာ ဘယ်သူမှ တောင် ဂရူမစိုက်ကြဘူး။ ဘယ်တော့များမှ အမြင်ကျယ်ကြမလဲ မသိပါဘူး။
    • သမာဓိ လူသား အနောက်တိုင်းမှာတော့နေရာတကာမှာဒါမျိုးမြင်ကွင်းတွေတွေ့ နိုင်ပါတယ်..။ဘယ်အစိုးရတက်တက် ပန်ူခြံထဲမှာ သမီးရည်းစားတွေနမ်းတာ ပပျောက်မယ်လို့ မထင်ပါ။
    • Aungmyo Thu ဒါကအနမ်းခြံ (လူငယ်တွေအတွက်)၊ ဒါက ပန်းခြံ (မိသားစုတွေအတွက်)ဆိုပြီးသက်မှတ်ပေးရမလိုဖြစ်နေပြီ။
    • Fly Bird အနောက်တိုင်းနဲ့ တော့ မနှိုင်းယှဉ်သင့်ပါဘူး..မြန်မာလူမျိုးတွေရဲ့ အရှက်တရားနဲ့  တခြားနိုင်ငံတွေရဲ့ အရှက်တရားတွေက မတူနိုင်ဘူးလေ.မြန်မာ့ယဉ်ကျေးမှု မြန်မာ့ဓလေ့ကိုတော့ မြန်မာတွေ ထိန်းသိမ်းမှ တန်ဖိုးရှိမှာပါ.သူများလူမျိုးတွေနဲ့ ယှဉ်ပြီးတွေးနေကြရင်တော့ ကြာရင် မြန်မာ့ယဉ်ကျေးမှုဆိုတာ ပျောက်ကွယ်သွားလိမ့်မယ်
    • သမာဓိ လူသား ပန်းခြံထဲမှာနမ်းလို့ ဖမ်းရင်လဲ အစိုးရက လူ့ အခွင့်ရေးပိတ်ပင်နေပါတယ်ဆိုပြီး အော်ကြဦးမယ်...အော်...ဒုက္ခ...ဒုက္ခ... :s
    • Aye Min
      ဒါကြောင့်ပြောတာ... ကိုသမာဓိတို့များ....ပါးစပ်ကတော့ ဘုရားဘုရား၊ လက်ကတော့ ကားယားကားယားဘဲ။ ဟိုနေ့ကဘဲ တခါရှင်းဖူးတယ်။ ခင်ဗျားကြည့်ရတာ ယဉ်ကျေးမှုအကြောင်း ကောင်းကောင်းကိုမသိသေးဘူး။ ရွံစရာကြီးဗျာ အစိုးရတဲ့။ အစိုးရဆိုတဲ့အသုံးအနှုန်းက ပြည်သူအတွက်၊ ပြည...See More
    • ရှင်နော် မယုတ်မာနဲ.နော် ချစ်လို. နမ်းတာပဲ ရန်ဖြစ်နေကြတာမှ မဟုတ်တာ ရှိစေတော. ရှိစေတော. ဂွီ....
    • Salai KM M ငါလာပြီနော်- လူ့အခွင့်အရေးတောင်းတော့ အနောက်တိုင်းကအယူအစနဲ့ ဒါမျိုကျတော့အနောက်တိုင်းနဲ့ ယှဉ်တယ်။ ကောင်းကျသေးရဲ့လား မျောက်ဖိုးစိန် အစိုးရသစ်ကြီးရယ်။ မျှော်စင်ကျွန်းတုန်းက ကိုကင်းကောင်အော်သလိုအော်လိုက် ချင်တယ်။ ဟိတ်ကောင်တွေ(လွတ်လပ်ခြင်းက ဘော်ဒါကြီးတွေ) မပါကြေးနော်- မပါကြေးတဲ့။ ဘာမပါတာလဲတော့ မသိဘူး။ ပြောတာတော့ တော်တော်ပြောပြီးသွားပြီ။
    • သိုး ကလေး အေးလေ..ထားလိုက်ပါ..တော်ကြာ ပန်းခြံထဲစုံတွဲမသွားရလို့အမိန့်ထုတ်လိုက်မှဖြင့် ခြင်ထောင်တို့၊ကောက်ရိုးပုံတို့တိုးနေကြပါအုံးမယ်ကွယ်...လူဦးရေတွေသိပ်တိုးပွားမဲ့အခြေအနေမျိုးမလုပ်ကြပါနဲ့ကလေးတို့ရယ်..ရင်လေးလို့ပါ..
       
      အဲဒီလိုများ ဖြစ်လာတော့မှာလား???

No comments:

Post a Comment