ပုသိမ်ရေဘေးအန္တရယ် ဝါခေါင်လ
ပြီးခဲ့သော ဒုတိယ ဝါဆိုလပြည့် နောက်ပိုင်းတွင် သိသိသာသာ မြင့်တက်လာသော
ငဝန်မြစ်ရေကြောင့် ပုသိမ်မြို့ရှိ ရပ်ကွက် တော်တော်များများကို ရေများ
လွှမ်းမိုးလျက်ရှိရာ ရေသေရက် ဖြစ်သည့်တိုင် ရေပြန်မကျဘဲ ဆက်လက် လွှမ်းမိုး
လျက်ရှိကြောင်း သိရသည်။ဇူလိုင်လကုန်ပိုင်းမှ စတင်၍ ဆက်တိုက်ဆိုသလို ရွာသွန်းသော မိုးရွာသွန်းမှုများ နှင့် အထက်ရေ ကျဆင်းမှုကြောင့် မြင့်တက်လာသည့် င၀န်မြစ်ရေသည် ပြီးခဲ့သော ဝါဆိုလပြည့်နေ့ နောက်ပိုင်းတွင်က အမြင့်ဆုံးဖြစ်ကာ ပုသိမ်မြို့ရှိ ဧရာမင်း၊ ရွှေနှင်းဆီ၊ ရာမည၊ ပန်းဆက်၊ စကားဝါ၊ ပြည်တော်သာ၊ ငဝန်ကျွန်းသာ နှင့် ရွှေဝတ်မှုံ အစရှိသော ရပ်ကွက်တော်တော်များများ ရေတက်ခဲ့သည်။ အဆိုပါရေသည် ရေသေရက် ရောက်လာသည့်တိုင် ဆက်လက်ကျဆင်းခြင်း မရှိသောကြောင့် လာမည့် ဒုတိယ ၀ါဆိုလကွယ်နေ့ နောက်ပိုင်းတွင် အမြင့်ဆုံးအထိ ရောက်ရှိနိုင်ကြောင်း မြို့ခံများက ခန့်မှန်းကြသည်။
Related Posts
This entry was posted
on Tuesday, August 14th, 2012 at
8:46 am and is filed under ပုသိမ်သတင်း, မြန်မာ့သတင်း.
You can follow any responses to this entry through the RSS 2.0 feed.
You can leave a response, or trackback from your own site.














No comments:
Post a Comment