Thursday, September 27, 2012

“ဆောင်းတစ်ရက်က တောင်သမန်ကို အလည်သွားခြင်း"

1 တောင်သမန်းအင်းရဲ့ မြောက်ဘက်ခြမ်းက မြင်ကွင်း
2 စိမ်းမြလယ်ကွင်း အဝေးမှာတော့ ဘုရားနှစ်ဆူ
3 မြူမူံ့မူံကြာ့းက တောင်သမန်ရွာနဲ့အင်းရေပြင်
4 အင်းရေညို့ညို့ ကောက်ပင်စိမ်းစိမ်း လယ်တဲလေးက ၀ါဝါ
5 တောင်သမန်အင်းမြောက်ဘက်က ပုထိုးတော်ကြီးနားက ထန်းပင်ညိုညို
6 တောင်သမန်အနောက်မြောက်ဘက်ခြမ်းက အင်းရေပြင်
7 တောင်သမန်အသွားလမ်းမှာတွေ့တဲ့ကိုရင်နှစ်ပါး
8အင်းရေမှာငါးဖမ်းလှေလေးတွေ..............
9ရေလယ်မှာလှေငယ် ငါးဖမ်းနေကြတာပါ
10 တံတားအနောက်ဘက်က ဘုရား သူနံဘေးမှာ နာမယ်ကျော် မယ်ဇယ်ပင်တန်း
11 တောင်သမန်အင်းက မင်းသားကြီးလို့ အမည်ပေးထားတဲ့ အလွမ်းသစ်ပင်
12 အနီးကပ် အလွမ်းသစ်ပင် ကြည့်ရင်းတောင်လွမ်းလာသလိုဘဲနော်
13ဒီပုံကတော့ တင်ဘူးပါတယ် မမြင်ဘူးသူများအမှတ်တရ ကျနော်အနှစ်သက်ဆုံးပုံထဲက တစ်ပုံပါ။
14 တောင်သမန်အင်းစောင်းက ထန်းညီနောင်(ဒီပုံကတစ်ခါတင်ဘူးပါတယ်)

“ဆောင်းတစ်ရက် တောင်သမန်ဘက်အလည်ထွက်ခြင်း”

အလုပ်ပိတ်တဲ့တစ်ရက် စက်မူ့မြို့သစ်ကပြန်လာတော့ တံခွန်တိုင်အရောက်မှာ အနောက်ဘက်ဆင်းလိုက်ပါတယ်။
တောင်သမန်အင်းဘေးကဖြတ်ပြီး တောင်မြို့ဘက်ကို သွားမလို့ပါ။
အဲတော့ တောင်သမန်အင်းစောင်းကိုရောက်သွားတာပေါ.။
ဒီတောင်သမန်းအင်းစောင်း မြောက်ဘက်ခြမ်းက အင်းရေအစပ်မှာ စပါးစိုက်လေ့ရှိပါတယ်။
မြူမူံမူံ စိုက်ပြီးစ ကောက်ပင်လေးတွေကစိမ်းစိမ်း အင်းရေက ညို့မှောင်မှောင်။
အင်မတန်ကိုလှပတဲ့မြင်ကွင်းပါ။
မြင်ရသူရင်ထဲကို အေးချမ်းမူ့ကအလိုလိုနေရင်းရောက်လာသလိုပါဘဲ။
အဲဒီအင်းစောင်းမှာငါးဖမ်းနေတဲ့လှေကလေးတွေကိုငေးမောရင်းတောင်သမန်းအင်း
အနောက်ဘက်ခြမ်းကိုရောက်လာပါတယ်။
အနောက်မြောက်ဘက်ခြမ်းမှာတော့ ထန်းပင်ညီနောင်က အင်းရဲ့သက်တော်စောင့်
သဘွယ်မတ်မတ်ရပ်။
အင်းအနောက်ဘက်ခြမ်းရောက်တော့ အဝေးမှာ ထန်းပင်စုစုလေးတွေနဲ့ပုထိုးတော်ဘုရား။
အင်းအနောက်ဘက်က အသစ်ဖောက်ထားတဲ့မြေလမ်းအတိုင်းသွားလိုက်တော့ လမ်းမှာကိုရင်လေးနှစ်ပါး။
အင်းထဲမှာတော့ ဘဲကျောင်းတဲ့လှေကလေးတွေရှိပါတယ်။

တောင်သမန်အင်းကို မြူမူံမူံထဲမှာမြင်ရတဲ့ဝိုးတ၀ါးအလှက အင်မတန်ချစ်စရာကောင်းပါတယ်.။
ဆက်သွားတော့တောင်သမန်အင်းစောင်းကိုအရောက်။
တံတားအနောက်ဘက်မှတော့မိုးတွင်းဆိုရင်ရေလည်ခေါင်မှာရှိနေတဲ့ဘုရား။
အရှေ့ဘက်မှာတော့  “တောင်သမန်မင်းသားကြီး”လို့ဓါတ်ပုံဆရာများက သတ်မှတ်ထားတဲ့
သစ်ခြောက်ပင်ကြီးနှစ်ပင်။
မြင်မြင်သမျှလွမ်းစရာ…………………

ဝင်းဦးရဲ့ အင်းကြီး တောင်သမန်သီချင်းကိုတောင်နားထဲကြားယောင်မိသလိုလို
………………………………………………

ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့လက်ဆော့
(14-2-2012)
ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 917 post in this blog.
စာရေး ဓါတ်ပုံရိုက် မိတ်ဆွေတွေနဲ့ ချက်တင်မှာ ဖေစ်စ်ဘုတ်မှာ လေပေါ။ (ပိုက်ဆံမရတဲ့အလုပ်တွေကို အဟုတ်မှတ်လို့ ဆိုပြီး ကောက်ချက်အပေးခံရပါတယ်) ဒါပေမယ့် ကျနော်ကတော့ ဆက်ရေး ဆက်ရိုက် ဆက်တင် မိတ်ဆွေတွေ့ရင် ဆက်လေပေါ လုပ်နေအုံးမှာပါဘဲ။ အဲဒါ မန္တလေးက ကိုပေါက် ပေါ့။

လှပသော နံနက်ခင်းလေးများကို ခံစားခြင်း (ဓာက်ပုံ)

လှပသော နံနက်ခင်းလေးများကို ခံစားခြင်း (ဓာက်ပုံ)
[/caption]
2 ရေပေါ်အလင်းရောက်နေတာကို က လှတာပါ
3 ဒါကတော့ လွတ်လွတ်ကင်းကင်းနေမင်း
4 မူံပြပြ မိုင်းရီ လွမ်းလောက်ပေသည်
5 စိမ်းမြတဲ့သစ်ပင်အောက်ကမြင်ကွင်းလေးပါ
6 ကျနော်အတော်လေးကို နှစ်သက်တဲ့ပုံလေးပါဘဲ
7 ပန်းနုရောင် မရင့်တရင့် အလွမ်းဆင့်ဆင့်
8 အလင်းရောင်လာခါစ မရဲတရဲ မြင်ကွင်းလေးက မသဲမကွဲ ရေလည်ကကျောင်းဆောင်နဲ့ အိမ်ကလေး
9 နေမင်းထွက်မလာသေးပေမယ့် အရောင်တွေက ပန်းနုသွေးနဲ့လှပ
10 စိုလက်တောက်ပတဲ့ နံနက်ခင်းလေးပါဘဲ
11 နံနက်နေထွက်စမှာ ဖူးမြင်ရတဲ့စေတီ အဝေးမြင်ကွင်း
12နံနက်ခင်း ကြည်နူးဘွယ်ရာစေတီရဲ့ မြင်ကွင်း....................
13ထူးခြားတဲ့ နေအလင်း
14 မောရင်ဝယ်စားဘို့နော် ဆိုင်ကလေးရှိတယ်
ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 917 post in this blog.
စာရေး ဓါတ်ပုံရိုက် မိတ်ဆွေတွေနဲ့ ချက်တင်မှာ ဖေစ်စ်ဘုတ်မှာ လေပေါ။ (ပိုက်ဆံမရတဲ့အလုပ်တွေကို အဟုတ်မှတ်လို့ ဆိုပြီး ကောက်ချက်အပေးခံရပါတယ်) ဒါပေမယ့် ကျနော်ကတော့ ဆက်ရေး ဆက်ရိုက် ဆက်တင် မိတ်ဆွေတွေ့ရင် ဆက်လေပေါ လုပ်နေအုံးမှာပါဘဲ။ အဲဒါ မန္တလေးက ကိုပေါက် ပေါ့။
[/caption]
2 ရေပေါ်အလင်းရောက်နေတာကို က လှတာပါ
3 ဒါကတော့ လွတ်လွတ်ကင်းကင်းနေမင်း
4 မူံပြပြ မိုင်းရီ လွမ်းလောက်ပေသည်
5 စိမ်းမြတဲ့သစ်ပင်အောက်ကမြင်ကွင်းလေးပါ
6 ကျနော်အတော်လေးကို နှစ်သက်တဲ့ပုံလေးပါဘဲ
7 ပန်းနုရောင် မရင့်တရင့် အလွမ်းဆင့်ဆင့်
8 အလင်းရောင်လာခါစ မရဲတရဲ မြင်ကွင်းလေးက မသဲမကွဲ ရေလည်ကကျောင်းဆောင်နဲ့ အိမ်ကလေး
9 နေမင်းထွက်မလာသေးပေမယ့် အရောင်တွေက ပန်းနုသွေးနဲ့လှပ
10 စိုလက်တောက်ပတဲ့ နံနက်ခင်းလေးပါဘဲ
11 နံနက်နေထွက်စမှာ ဖူးမြင်ရတဲ့စေတီ အဝေးမြင်ကွင်း
12နံနက်ခင်း ကြည်နူးဘွယ်ရာစေတီရဲ့ မြင်ကွင်း....................
13ထူးခြားတဲ့ နေအလင်း
14 မောရင်ဝယ်စားဘို့နော် ဆိုင်ကလေးရှိတယ်
ကိုပေါက်(မန္တလေး)

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 917 post in this blog.
စာရေး ဓါတ်ပုံရိုက် မိတ်ဆွေတွေနဲ့ ချက်တင်မှာ ဖေစ်စ်ဘုတ်မှာ လေပေါ။ (ပိုက်ဆံမရတဲ့အလုပ်တွေကို အဟုတ်မှတ်လို့ ဆိုပြီး ကောက်ချက်အပေးခံရပါတယ်) ဒါပေမယ့် ကျနော်ကတော့ ဆက်ရေး ဆက်ရိုက် ဆက်တင် မိတ်ဆွေတွေ့ရင် ဆက်လေပေါ လုပ်နေအုံးမှာပါဘဲ။ အဲဒါ မန္တလေးက ကိုပေါက် ပေါ့။

ထင်းရှူးမြို့တော်မှ ပန်းကလေးများ

ထင်းရှူးမြို့တော်မှ ပန်းကလေးများ
 ကလောမြို့တွင်း လမ်းလျှောက်ရင်း မြင်မြင်သမျှ လှပနေတဲ့ ပန်းကလေးများကို တင်ပြပါမယ်…
မြို့တွင်းလမ်းတစ်လျှောက် ပန်းမျိုးစုံကို အခင်းလိုက်တစ်မျိုး၊ အိုးကြီးများနှင့် စ်သွယ်၊ ဘောင်များနှင့် သော်လည်းကောင်း
လှပစွာ စိုက်ပျိုးထားပါတယ်…စည်ပင်ဝန်ထမ်းများမှလည်း ပြုပြင် စိုက်ပျိုးနေတာ တွေ့မြင်ခဲ့ရပါတယ်…
1…လီလီ လိမ္မော်
2… လီလီ လိမ္မော် အခင်းလိုက်
3…ရောင်စုံပန်းခင်း…
4…ရွှေဒင်္ဂါး အဖြူ …
5… ရွှေဒင်္ဂါး အ၀ါ …
6…ပန်းခရမ်းပြာ …
7…ကလော Hotel ၀င်းထဲက သစ်မင်းပွင့် …
8… စိန်ပန်းပြာ ပင်တွေနဲ့ ကလော Hotel …
9…အနီးကပ် စိန်ပန်းပြာ…
10…ဘောလုံးပန်း အပြာရောင် …
11…ရွက်ကျပင်ပေါက်များ …
12…လှပသော ပန်းမျိုးစုံ …
13…စိန်ပန်းပြာ လမ်းကလေး …
14…ထင်းရှူးတောလေး…
15…ရွက်လှ လေးတွေ …
16…ကလော ဈေးထဲက ပန်းဆိုင်လေး …
ကျမတို့ ကလောမြို့တွင်းလမ်းလျှောက်ရောက်ဖြစ်ခဲ့တဲ့ နေရာတွေကတော့ ကလောဘူတာ၊  သံလမ်း ဘေးရှိလမ်းကလေးမှ ကလောHotel ၊ ပန်းခြံ စသည်ဖြင့် ခြေတိုအောင် လျှောက်ခဲ့ကြပါတယ်…
17…ထင်းရှူးမြို့တော်အလှ…
ထင်းရူးပင်များကိုလည်း နေရာတိုင်းမှာ တွေ့မြင်ရပါတယ်..လှသည်လဲရှိ၊မလှတာလဲရှိတာပေါ့နော်…
ယင်းမာပင်ကျော်ပြီှး ထင်းရှူးပင်တွေစတွေ့ရင် ကလောမြို့နယ်ထဲ ရောက်ပြီဆိုတာ မေးစရာ မလိုတော့တဲ့ အမှတ်သားလေ…ထင်းရှူးပင်လေးတွေကိုလဲ ချစ်တယ်…
Hotel မှာ ကျန်ခဲ့တဲ့ ကောင်မလေးက အန်တီရေ အဖွားက မတွေ့လို့ မေးနေပြီဗိုက်ဆာတယ်လို့ပြောနေတယ်ဆိုပြီး ဖုန်းဆက်လာတဲ့အတွက်ဆက်သွားလို့ မဖြစ်တော့ပါဘူး……
ဒါပေမဲ့ ကျမသွားချင်ခဲ့တာက ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ကျောက်တိုက်ပါ…ကျောက်တုံးကြီး ကိုထွင်းထုလို့ တိုက်ဆောက်ထားတာပါ…ပိုင်ရှင်က နိုင်ငံခြားမှာနေတယ်လို့ ဆိုပါတယ်…
အိမ်တံခါးတွေ ကြေးကွင်းတွေကအစ ရှေးဟောင်းပစ္စည်းတွေပါ…အတွင်းမှာလည်း ပိုင်ရှင်တွေရဲ့
ဘိုးဘွားစဉ်ဆက် ဓါတ်ပုံတွေ စီချိတ်ထားပါတယ်..ခေါင်းတိုင်ပါတဲ့ မီးလင်းဖိုနဲ့ အိမ်ကြီးပါ…အနောက်ဖက်ကို ဆင်းတဲ့ ကျောက်လှေကားကြီးရှိကြောင်းလဲအမှတ်ရနေပါတယ်…
97 မှာ ရုံးအဖွဲ့တွေနဲ့ လာတုံးက ရောက်ဖူးခဲ့တာကိုး၊ အဲ့တုံးက ကလောHotel ရှေ့ Pine View Inn မှာတည်းပြီး Hotel ဘေးလမ်းကလေးကတစ်ဆင့် ကလောဘူတာ အပေါ်ဘက်ကို ဆက်တက်သွားရင် ကလောကျောက်တိုက်ကို ရောက်တာပါ…
ခု ကျမတို့က မြို့ထဲကနေ ကလောဘူတာ၊ ဘေးကနေ ဖြတ်ပြီး ကလောHotel ရောက်နေတာ ဆိုတော့ ကျောက်တိုက်သွားချင်ရင် တစ်ပတ်ပြန်ပတ်ရဦးတော့မှာ…
ကျမချစ်တဲ့ ကလော ဘယ်အချိန်မှ ပြန်ရောက်ဖြစ်မယ်မသိတဲ့ နေရာလေး ကိုထားခဲ့လို့ ညနေကားနဲ့ ရန်ကုန်ပြန်ကြတော့မှာ…
တစ်ချိန်ချိန်တော့ ရောက်ဖြစ်ဦးမှာပါလေ…
ခုတော့ လမ်းမှာတွေ့တဲ့ ပန်းကလေးတွေကို ဓါတ်ပုံရိုက်တင်ပြလို့ ကျမရဲ့ခရီးစဉ်လေးကိုအဆုံးသတ်လိုက်ပါတယ်…
ဖတ်ရှု အားပေးကြသူ ရွာသူားများအား ကျေးဇူး အထူးပင် တင်ပါကြောင်းပြောပါရစေ…
ခင်တဲ့
                                                                                 မအိ